Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 16 — Surah Al-Maidah 5:16
အလ္လာဟ်အရှင်မြတ်သည် ထိုကျမ်းတော် (မြတ်ကုရ်အာန်) အားဖြင့်သာ လမ်းညွှန်တော်မူ၏။ မည်သူမဆို အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက်သာ ငြိမ်းချမ်းသာယာမှုဆိုင်ရာ နည်းစနစ်များဖြင့် ပြည့်နေသည့် ထိုကျမ်းတော်နှင့်အညီ တစ်သဝေမတိမ်းလိုက်နာလျှင် ငါအရှင်မြတ်သည် အရှင့်ခွင့်ပြုချက်ဖြင့် သူတို့အား (စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် နာမ်ရေးရာခြစားမှု၊ မသမာမှု၊ လှည့်စားမှု၊ မတရားမှုနှင့် အနိုင်ကျင့်မှုစသော) အမှောင်ထုမှ (အစ္စလာမ်တည်းဟူသော) အလင်းရောင်ဆီသို့ ထုတ်ယူတော်မူလျက် ထိုမှတစ်ဆင့် (အစစအရာရာတွင်) ဖြောင့်မတ်မှန်ကန်မြဲမြံတည်တံ့သည့် အရှင့်လမ်းစဉ်တော်ဘက်သို့ ဘဝခရီးနှင်နိုင်ရန် လမ်းညွှန်တော်မူလိမ့်မည်။