Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 17 — Surah Al-Maidah 5:17
“မရ်ယမ်၏သား မစီးဟ် (ခေါ် လူတို့အားပြစ်မှုဒုစရိုက်ကင်းစေလျက် ငရဲမီးမှ ကယ်တင်ရန် စေလွှတ် ခြင်းခံရသူ) သည် မုချဧကန်၊ အလ္လာဟ်အရှင်မြတ် (နှင့်တစ်ပြေးညီ) ပင် ဖြစ်သည်။” ဟုပြောဆိုကြသူတို့သည် မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) စစ်စစ်များ ဖြစ်ကြသည်မှာ သေချာ၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ မရ်ယမ်၏သား မစီးဟ် (ယေရှုခရစ်)၊ တမန် တော်အီစာ၏မိခင် (မရ်ယမ်) နှင့် ကမ္ဘာဂြိုဟ်အတွင်း၌ရှိသော အရာအားလုံးကို ပျက်စီးစေတော်မူရန် ရည်ရွယ် တော်မူခဲ့လျှင် အလ္လာဟ်အရှင်မြတ် (၏စီမံမှု) ဩဇာအာဏာနှင့်အချုပ်အခြာတော်) မှ အရှင့်အမိန့်တော်နှင့် ဆန့်ကျင်၍ စိုးစဉ်းမျှပင် ဝင်ရောက်စွက်ဖက်နိုင်သူ ရှိနိုင်မည်လော။ ဧကန်ပင်၊ မိုးကောင်းကင်များနှင့်ကမ္ဘာ ဂြိုဟ်တို့သည် အလ္လာဟ်အရှင်မြတ် (ဖွဲ့စည်းဖြစ်တည်တော်မူသည့်အရာများဖြစ်ပြီး အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချရန်) အတွက်သာ ဖြစ်ပြီး ထိုနှစ်ခုကြားတွင်ရှိသောအရာဟူသမျှကိုလည်း အရှင့်ဆန္ဒတော်၏စည်း မျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည့်အတိုင်း ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းပင် ဖြစ်၏။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၌ (လူ့သားအခေါ် သဘာဝနိယာမတရားဟုခေါ်သည့် အရှင့်စည်းမျဉ်း တော်များကို သတ်မှတ်ပေးတော်မူလျက်) ခပ်သိမ်းကုန်တို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။