Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 18 — Surah Al-Maidah 5:18

ဂျူးနှင့်ခရစ်ယာန်တို့က “ကျွန်ုပ်တို့သည်ပင်လျှင် အလ္လာဟ်အရှင်မြတ်၏သားတော်များဖြစ်ကြပြီး ထိုအရှင် ၏အချစ်တော်များဖြစ်ကြသည်။” ဟု အခိုင်အမာ ပြောဆိုနေကြ၏။ သူတို့အား “သို့ဖြစ်လျှင် သင်တို့၏အပြစ်များအတွက် အဘယ်ကြောင့် သင်တို့ကို ပြစ်ဒဏ်စီရင်တော်မူလျက် အရေးယူတော်မူမည်ဟု မိန့်ရသနည်း။” ဟု မေးမြန်းလော့။ အမှန်မှာ သင်တို့သည် သေမျိုးဖြစ်ကြောင်း သတင်းကောင်းပါးခြင်းခံရသော လူသားများဖြစ်ပြီး အရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသော သက်ရှိသက်မဲ့တို့အနက်မှ ဖြစ်သောကြောင့် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူပြီး အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူကိုသာ ပြစ်ဒဏ်ပေးတော်မူလိမ့်မည်။ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၏အချုပ်အခြာအာဏာသည် အရှင်မြတ် (ပိုင်ဆိုင်တော်မူသည့်အလျောက် အရှင့်စည်းမျဉ်းနိယာမတော်များနှင့်အညီ အသုံးချရန်) အတွက်သာဖြစ်ပြီး ထို့ပြင် လူအပါအဝင်အရာခပ်သိမ်းတို့၏နောက်ဆုံးပန်းတိုင်မှာ ထိုအရှင်ထံသို့သာ ဖြစ်၏။