Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 19 — Surah Al-Maidah 5:19

အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်း၊ အသင်တို့သည် “ကျွန်ုပ်တို့ထံ မည်သည့် သတင်းကောင်းပါးသူနှင့်သတိပေးနှိုးဆော်သူမျှ ရောက်မလာခဲ့ (သည့်အတွက် ကျွန်ုပ်တို့လမ်းညွှန်မှန် မရခဲ့ကြောင်း ဖြစ်သည်။) ဟု ဆင်ခြေပေးပြောဆိုကြမည်စိုး၍ အရှင့်ရစူလ်တမန်တော်များအနက်မှ မည်သည့်တမန်တော်မျှ မရှိသည့်ကြားကာလတွင် သင်တို့အား ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှား ရှင်းလင်းတင်ပြရန် ငါအရှင်မြတ်၏ရစူလ်တမန်တော် (မုဟမ္မဒ်) သည် သင်တို့ထံ မုချရောက်ခဲ့ပြီ။”