Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 20 — Surah Al-Maidah 5:20
တမန်တော်မူဆာက သူ့လူမျိုးတို့အား “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား လောကခပ်သိမ်း၌ ရှိသောလူသားတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချီးမြှင့်တော်မမူခဲ့သည့်အရာများ ပေးအပ်တော်မူပြီး (အီဂျစ်တွင် သင်တို့၏အရေးကိစ္စများကို သင်တို့ကိုယ်တိုင် စီမံအုပ်ချုပ်လျက် ဖြေရှင်းနိုင်ကြရန်) သင်တို့အား အုပ်ချုပ်သူများအဖြစ် ပေါ်ထွန်းစေတော်မူခဲ့ရုံသာမက သင်တို့အနက်မှပင် နဗီတမန်တော်များကို လည်း ပေါ်ထွက်စေတော်မူ၍ ခန့်အပ်တော်မူခဲ့စဉ် သင်တို့အပေါ် အခွင့်အရေးပေးလျက် ဂုဏ်ပေးခဲ့သည့် (အရှင့် ကျေးဇူးတော်များနှင့်အချိန်ကာလ) တို့ကို သတိရ တသ၍ ဖွင့်ဟကြလော့။”