Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 21 — Surah Al-Maidah 5:21
အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် အထွတ်အမြတ်ဖြစ်သည့် အောင်မြေအဖြစ် အတည်ပြုသတ်မှတ်ပြဋ္ဌာန်းတော်မူသော နယ်မြေထဲ ဝင်ရောက်ကြလော့။ ထို့နောက် (အရှင့် အမိန့် ပညတ်ချက်များကို) ကျောခိုင်း၍ (ယခင် မယုံကြည်ငြင်းဆန်ခဲ့သည့် အနေအထားသို့) လှည့်ပြန် မသွားကြလေနှင့်။ အကြောင်းမှာ ထိုသို့ လှည့်ပြန်ကြလျှင် (လောကီလောကုတ္တရာ နှစ်ဌာနစလုံး၌) ဆုံးရှုံးနစ်နာသူများအဖြစ် ပြန်လှည့်ကြလိမ့်မည်။