Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 23 — Surah Al-Maidah 5:23

ထိုသူတို့အနက်မှ သူတို့အပေါ် အလ္လာဟ်အရှင်မြတ်ဂုဏ်ပေးခဲ့သည်တို့ကို သတိရလျက် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်အမိန့်တော်အတိုင်း တစ်သဝေမတိမ်း နာခံလိုက်နာကြသောပုဂ္ဂိုလ်နှစ်ဦးက “(အရှင့်အမိန့်တော်ကို နာခံသည့်အနေဖြင့် သူတို့နှင့်မျက်နှာချင်းဆိုင်တွေ့ကြရန်) တရားဝင်မြို့ တံခါးပေါက်မှ ဝင်ကြလော့။ အကြောင်းမှာ ထိုနယ်မြေအတွင်းသို့ (ထိုသို့တရားဝင်တံခါးပေါက်မှ) ဝင်ရောက်ခြင်းဖြင့်သာ သင်တို့က မုချပင် အောင်နိုင်သူများ ဖြစ်ကြလိမ့်မည် ဖြစ်၏။ ထို့ပြင် အကယ်၍ သင်တို့သည် စစ်မှန်သော ယုံကြည်သူများဖြစ် ကြလျှင် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ (ယုံကြည်စိတ်ချစွာဖြင့် ကိုယ်စိတ်နှလုံးကို အပ်နှင်းလျက်) အားထား ကြရမည် (ဖြစ်၍ မုချအောင်မြင်လိမ့်မည်။)” ဟု ပြောဆိုခဲ့ကြသည်။