Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 25 — Surah Al-Maidah 5:25

(ထိုအခါ) တမန်တော်မူဆာက “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၊ အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့်) စိတ်ဝိဉာဉ်နှင့်ကျွုန်ုပ်၏အစ်ကိုမှလွဲ၍ ကျွန်ုပ်မှာ အခြား မည်သည့်စွမ်းဆောင်ရည်မျှ မရှိပါ။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်တော်မျိုးနှင့်အရှင့်စည်းမျဉ်း ဥပဒေများကို အာခံဖီဆန်သည့် ယုတ်မာသော လူမျိုးတို့ကြားတွင် တစ်သီးတစ်သန့်စီ ဖြစ်အောင် ခွဲခြားထားစေတော်မူပါ။” ဟု အသနားခံဆုတောင်းခဲ့၏။