Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 27 — Surah Al-Maidah 5:27
(အို၊ ရစူလ်တမန်တော်) သူတို့အား အမှန်တရားနှင့်စပ်လျဉ်း၍ စံနမူနာယူဖွယ်ရာလုပ်ရပ်ကို လုပ်ဆောင်ခဲ့သော တမန်တော်အာဒမ်၏သားနှစ်ဦးအကြောင်း ရွတ်ပြလော့။ သူတို့နှစ်ဦးသည် စွန့်လှူမှုတစ်ခုစီကို ဆက်ကပ် လှူဒါန်းကြစဉ် သူတို့အနက်မှ တစ်ဦး၏စွန့်လှူမှုမှာ သဘောတူလက်ခံခြင်းခံခဲ့ရပြီး ကျန်တစ်ဦး၏စွန့်လှူမှုမှာ သဘောတူလက်ခံခြင်း မခံရခဲ့ပေ။ ထိုအခါ (စွန့်လှူမှုအထမမြောက်သူက စွန့်လှူမှု အထ မြောက်သည့် သူအား) “ကျွန်ုပ်သည် သင့်ကို မုချ သတ်လိမ့်မည်။” ဟု ပြောခဲ့၏။ (စွန့်လှူမှုအထမြောက်သူက) “အလ္လာဟ်အရှင် မြတ်သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာသူထံမှသာလျှင် (စွန့်လှူမှုကို) သဘောတူ လက်ခံတော်မူ၏။” ဟု ပြောခဲ့သည်။