Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 28 — Surah Al-Maidah 5:28
အကယ်၍ သင်သည် ကျွန်ုပ်ကိုသတ်ရန်အတွက် သင်၏လက်ကို ကျွန်ုပ်ဘက်သို့ ဆန့်၍ လှမ်းခဲ့လျှင် ကျွန်ုပ်သည် သင့်ကိုသတ်ရန် ကျွန်ုပ်၏လက်ကို သင့်ဘက်သို့ ဆန့်၍ လှမ်းလိမ့်မည် မဟုတ်ချေ။ (အကြောင်းမှာ) ဧကန်စင်စစ်၊ ကျွန်ုပ်သည် လောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပျိုးထောင်ဖွံ့ဖြိုးစေတော်မူသော အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ (၍ အရှင့်စည်းမျဉ်းတော်နှင့်အညီ အရှင့်ကို သိစိတ်ဖြင့် ပြုမူကျင့်ကြံသူအဖြစ်) သော ကြောင့်တည်း။