Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 30 — Surah Al-Maidah 5:30
(ရန်ဖြစ်လိုသောဆန္ဒ လုံးဝ မရှိသော သူက ထိုသို့သတိပေးသော်လည်း သူ့ညီနောင်မှာမူ သူ၏မကောင်း မှုကိုအားပေးသော စိတ်အလိုရမ္မက်ကိုသာ ဦးစားပေးလျက်) သူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိဉာဉ်) ကို ထိုရန်မဖြစ်လိုသော သူ့နောင်တော်ဖြစ်သူအား မဆိုင်းမတွ မဆင်မခြင် အသုံးချခဲ့သောကြောင့် သူ၏ရန်ဖြစ်ရန် ဆန္ဒ လုံးဝ မရှိသောနောင်တော်ကို သတ်ခဲ့လေ၏။ သို့ဖြစ်ပေရာ ထိုသူသည် ဆုံးရှုံးသူတို့အနက်မှ ဖြစ်သွားလေ၏။