Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 31 — Surah Al-Maidah 5:31
(သတ်ထားသည့် သူ့နောင်တော်၏အလောင်းအား မည်သို့ ဖျောက်ပစ်ရမည်ကို တွေဝေနေစဉ်) အလ္လာဟ်အရှင်မြတ်သည် သူ့နောင်တော်၏ရုပ်အလောင်းအား မည်သို့ ဖုံးအုပ်၍ ကွယ်ပျောက်စေနိုင်သည်ကို ပြသတော်မူရန်အလို့ငှာ မြေကြီး၌ ကုတ်ခြစ်တူးဆွနေသည့် ကျီးကန်းတစ်ကောင်ကို ပေါ်လာစေတော်မူ၏။ (ကျီးကန်း၏လှုပ် ရှားမှုကို မြင်သည့်အခါ) သူက “ဖြစ်မှဖြစ်ရပါလေ။ ကျွန်ုပ်မှာ ကျွန်ုပ်နောင်တော်၏ရုပ်အလောင်းအား ဖုံးအုပ်၍ ကွယ်ပျောက်စေရန် ဤကျီးကန်းကဲ့သို့ပင် စွမ်းဆောင်ရည် မရှိရသလော။” ဟု ညည်းညူခဲ့၏။ သို့ဖြင့် သူသည် စိတ်မကောင်းဖြစ်လျက် ယူကျုံးမရသူတို့မှ တစ်ဦးအပါအဝင် ဖြစ်သွား၏။