Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 32 — Surah Al-Maidah 5:32

ငါအရှင်မြတ်သည် ထိုအဖြစ်အပျက်ကို အကြောင်းပြု၍ (လူသားအားလုံးအတွက် အထူးသဖြင့်) အစ္စရေး မျိုးနွယ်တို့၏ခေတ်ကာလ၌ သူတို့အပေါ် ဥပဒေပြဋ္ဌာန်းတော်မူခဲ့သည်မှာ မည်သူမဆိုသူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့်) စိတ်ဝိဉာဉ်ကို ချိုးနှိမ်သုတ်သင်ခြင်းမပြုဘဲ အခြားနဖ်စ်ပိုင်ရှင်တစ်ဦးအား သတ်ခဲ့သော် သို့တည်းမဟုတ် ကမ္ဘာ ဂြိုဟ်၌ အဖျက်အနှောင့်နှင့်အတည်မငြိမ်ဖြစ်မှုကို ဖန်တီးခဲ့သော် ထိုသူသည် လူသားအားလုံးကို သတ်မိသကဲ့ သို့ပင် ဖြစ်၏။ ငါအရှင်မြတ်၏ရစူလ်တမန်တော်များသည် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်းချက်များနှင့်အတူ သူတို့ထံ မုချ ရောက်ခဲ့ပြီးနောက် သူတို့အနက်မှ အများစုသည် အမှန်ပင် ထိုကဲ့သို့ ကမ္ဘာဂြိုဟ် ပေါ်၌ (အရှင့်စည်းမျဉ်းဘောင်အား ချိုးဖောက်ရာတွင်) အလွန်အကျွံပင် ကျူးလွန်ခဲ့သူများ ဖြစ်ကြ၏။