Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 33 — Surah Al-Maidah 5:33

(အရှင့်စည်းမျဉ်းဘောင်များကို ချိုးဖောက်ကျူးလွန်ခြင်းဖြင့်) အလ္လာဟ်နှင့်အရှင့်ရစူလ်တမန်တော်တို့အား စစ်ပွဲဆင်နွှဲနေကြသူတို့သည် ကမ္ဘာဂြိုဟ်ပေါ်၌ အဖျက်အနှောင့်နှင့်မတည်မငြိမ်မှုတို့ကို ဖန်တီးနေကြသောကြောင့် (အကျိုးဆက်မှာလည်း သေဒဏ်ပေးကွပ်မျက်ရန် သို့မဟုတ် ကြိုးစင်တင်ရန် သို့မဟုတ် အင်အားနှင့်နည်းပညာ ကိုယ်စားပြုသောလက်များနှင့် (ဝါဒဖြန့်မှုနှင့်လှုပ်ရှားမှုကို ကိုယ်စားပြုသော) ခြေများအနက်မှ ဆန့်ကျင်ဘက် တစ်စုံဖြတ်တောက်ရန် သို့မဟုတ် သူနေထိုင်ရာနယ်မြေမှ ပြည်နှင်ဒဏ်ပေးရန်သာရှိ၏။ ထိုသို့ပြစ်ဒဏ်ပေးခြင်းသည် ဤလောကီကမ္ဘာ၌ သူတို့အတွက် အရှက်ရစေခြင်း သက်သက်သာဖြစ်ပြီး သူတို့အတွက် နောင်တမလွန် ဘဝ၌ အလွန်ကြီးလေးသော ပြစ်ဒဏ် လည်းရှိ၏။