Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 34 — Surah Al-Maidah 5:34
(သို့သော် ခြွင်းချက်အဖြစ်) ကမ္ဘာဂြိုဟ်၌ အဖျက်အနှောင့်ပြုသူတို့အား အရေးယူနိုင်စွမ်းမရှိ (ပြစ်မှု ကျူးလွန်သူတို့ ကိုယ်တိုင် ဖြူစင်စွာဖြင့်) နောင်တကြီးစွာရလျက် အရှင့်လမ်းစဉ်တော်ဘက်သို့ ပြန်လှည့်ကြလျှင် (သူတို့ကို အရေးမယူဘဲ ချန်ထားနိုင်၏။) ထို့ပြင် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ချို့ဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင်ဖြစ်တော်မူကြောင်းကိုလည်း သိထားကြလော့။