Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 39 — Surah Al-Maidah 5:39

မည်သူမဆို အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန်လုပ်မိခဲ့ပြီး သံဝေဂရလျက် အရှင့်လမ်း စဉ်တော်ဘက်သို့ ပြန်လှည့်ပြီး ကောင်းမြတ်သည့် ပြုမူကျင့်ကြံဆောင်ရွက်မှုများ ပြုလုပ်ခြင်းဖြင့် ပြုပြင်လျှင် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (ထိုသူ၏နောင်တဖြင့် ပြန်လှည့်ခြင်းကို လက်ခံတော်မူသည့်အနေဖြင့်) ထိုသူ့အပေါ် (အရှင့်မေတ္တာ၊ ကရုဏာတော်တို့ဖြင့်) လှည့်တော်မူလိမ့်မည်။