Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 4 — Surah Al-Maidah 5:4

သူတို့က အသင် (တမန်တော်) အား (အခြားတိရိစ္ဆာန်များကို အသုံးပြု၍ အမဲလိုက်ခြင်းဖြင့် ဖမ်းဆီးရမိသော တိရိစ္ဆာန်အပါအဝင်) “အဘယ်အရာများသည် သူတို့အတွက် (စားသုံးရန်) တရားဝင်ခွင့်ပြုထားသောအရာများ ဖြစ်သနည်း။” ဟု မေးမြန်းကြ၏။ “သင်တို့အတွက် (ကျန်းမာရေးနှင့်ညီညွတ်ပြီး) သန့်ရှင်းစင်ကြယ်သောအရာများကို တရားဝင် ခွင့်ပြုခြင်းခံခဲ့ရပြီ။” ဟု ဟောလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (သင်တို့၏မျိုးရိုးဗီဇထဲ၌ ပင်ကိုယ်စွမ်းရည်များ ထည့်ပေးတော်မူလျက်) သင်တို့အား သင်ကြားတော်မူသည့် နည်းစနစ်များကို အသုံးပြု၍ အမဲလိုက်တိရိစ္ဆာန်တို့အား သွန်သင်လေ့ကျင့်ပေးခြင်းဖြင့် ယင်းတို့က သင်တို့အတွက် ဖမ်းဆီးပေးသော တိရိစ္ဆာန်များအနက် အလ္လာဟ်အရှင်မြတ်၏နာမတော်ကို သတိရ တသ၍ ဖွင့်ဟခြင်းခံခဲ့ရသော တိရိစ္ဆာန်များကိုလည်း တရားဝင် ခွင့်ပြုထားတော်မူ၏။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (သင်တို့ပြု မူကျင့်ကြံလုပ်ဆောင်သမျှနှင့်စပ်လျဉ်း၍) မြန်မြန်ဆန်ဆန် ချက်ချင်းလက်ငင်း စာရင်းရှင်းတော်မူသောအရှင် ဖြစ်တော်မူ၏။