Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 41 — Surah Al-Maidah 5:41
အို၊ ရစူလ်တမန်တော်၊ မယုံကြည်မှု (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်မှု) တို့တွင် သူ့ထက်ငါသာရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြသူများ၊ နှုတ်အားဖြင့် “ကျွန်ုပ်တို့ယုံကြည်ကြပါ၏။” ဟု ပြောဆိုကြပြီး သူတို့၏နှလုံးသားများ၌ ယုံကြည်မှု ကင်းမဲ့နေကြသူများ၊ ဂျူးလူမျိုးတို့အနက်မှ (အစ္စလာမ့်ဆန့်ကျင်ရေးဆိုင်ရာ ကောလာဟလများ၊ ဝါဒဖြန့်မှုများ၊ ကြံစည်ဖန်တီးမှုများ၊ မှားယွင်းသောစွပ်စွဲချက်များစသော) လိမ်လည်လှည့်စားမှု များကိုသာ စိတ်အားထက်သန်စွာဖြင့် ဂရုတစိုက် နားစွင့်ကြသူများ၊ အသင့်အနားတွင် ထိုင်၍ အသင့်ထံ မလာဘဲ ကျန်ရစ်နေသော လူမျိုးတို့အတွက် (သူလျှိုအဖြစ်သာ) နာယူနေကြသူများနှင့်အရှင့်မုကပါဋ္ဌ်တော်များကို (သက်ဆိုင်ရာအဖြစ်အပျက်နှင့်အကြောင်းအရာအလိုက် အံဝင်ဂွင်ကျဖြစ်အောင်) အထားအသိုနှင့်အသုံးအနှုန်း တိကျစေတော်မူပြီးနောက် ယင်းတို့၏မူရင်းအဓိပ္ပါယ်လွဲမှားစေရန် လိုရာဆွဲ၍ မမှန်မကန် ပြောင်းလဲနေကြသူများကြောင့် ဝမ်းနည်းပက်လက် မဖြစ်စေနှင့်။ အကယ်၍ ဤကျမ်းတော်ကို အသင်တို့ထံ ချမှတ်ပေးအပ်ခဲ့ကြောင်း (ကျွန်ုပ်တို့ယုံကြည်ခဲ့လျှင်) ယင်းကို လက်ခံကြပြီး သင်တို့ထံ ယင်းကိုချမှတ်ပေးအပ်ခြင်း မရှိခဲ့လျှင် သတိထား၍ ရှောင်ကြဉ်ကြမည်ဟု ပြောဆိုကြသူများ၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းနှင့်အညီ အလိုရှိတော်မူသောသူအား စမ်းသပ်စစ်ဆေးတော်မူရန် ဆန္ဒပြုကြလျှင် ထိုသူအတွက် အလ္လာဟ်အရှင် မြတ်ထံတော်မှ မည်သည့်အရာကိုမျှ အသနားခံတောင်းဆိုရန် အသင့်၌ အခွင့်အာဏာ ရှိလိမ့်မည် မဟုတ်ပေ။ အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့အား ဤလောကီဘဝ၌ အရှက်ရစေရန်နှင့်နောင်တမလွန်ဘဝ၌ သူတို့အတွက် ကြီးလေးသော ပြစ်ဒဏ်ချခံစေတော်မူရန်အလို့ငှာ သူတို့၏နှလုံးသားများကို မည်သည့်အခါမျှ သန့်ရှင်းစင်ကြယ် ခွင့်ပေးတော်မူရန် ဆန္ဒပြုတော်မူမည် မဟုတ်ပေ။