Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 42 — Surah Al-Maidah 5:42

(ကောလဟလသတင်း စိတ်ကူးယဉ်စာပေ၊ အတင်းစကား၊ မဟုတ်မရားစွပ်စွဲမှုနှင့်လိမ်လည်လှည့်စားမှု စသော) မုသားကိုသာလျှင် စိတ်အားသန်စွာ နာယူကြသူများနှင့် (သမာအာဇီဝမဟုတ်ဘဲ မဟုတ်မမှန်သောနည်းလမ်းများဖြင့်) လောဘတကြီး ရှာဖွေ၍ စားသုံးကြသူများသည် အကယ်၍ အသင့်ထံ ရောက်လာကြလျှင် (သူတို့က လိုလိုလားလား လျှောက်တင်ကြသည့်) သူတို့အချင်းချင်းကြား ပြဿနာများနှင့်စပ်လျဉ်း၍ စီရင်ဆုံး ဖြတ်ပေးလော့။ သို့မဟုတ် (နာခံလိုသောဆန္ဒမရှိလျှင်) သူတို့မှ ရှောင်ကြဉ်လော့။ အကယ်၍ အသင်သည် သူတို့ထံမှ ရှောင်ကြဉ်သွားလျှင် သူတို့က သင့်အား မည်သည့် ထိခိုက်နစ်နာမှုတစ်စုံတစ်ရာကိုမျှ လုပ်နိုင်မည် မဟုတ်ပေ။ ထို့ပြင် (သူတိုအချင်းချင်းကြားတွင် စီရင်ဆုံးဖြတ်သည့်အခါလည်း) တန်းတူအခွင့်အရေးနှင့်တရား မျှတမှုပေါ်အခြေခံ၍ စီရင်ဆုံးဖြတ်လော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် တရားမျှတမှုမဏ္ဌိုင်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ကြသူတို့ကို နှစ်သက်တော်မူ၏။