Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 44 — Surah Al-Maidah 5:44

ဧကန်အမှန်၊ ငါအရှင်မြတ်သည် တောင်ရာတ်ကျမ်းကို ချမှတ်ပေးအပ်တော်မူခဲ့ပြီး ထိုကျမ်းတော်ထဲတွင် လမ်းညွှန်တော်နှင့် (လူတို့၏စိတ်နှလုံးနှင့်ဘဝတည်ဆောက်ရေးလမ်းဆိုင်ရာ ဉာဏ်အလင်းရစေသည့်) ရောင်ခြည်တော် ရှိစေတော်မူ၏။ (သူတို့၏ကိုယ်စိတ်နှလုံးတို့ကို အရှင်မြတ်ထံအပ်နှင်းခဲ့သော) နဗီတမန်တော်များသည် ဂျူးများ၏ရဗ္ဗီးစ် (ခေါ် ဘာသာရေးဆိုင်ရာ) ဓမ္မကတိကများနှင့်ပညာရှင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်မှ (သူတို့ခေတ်ကာလနှင့်အညီချမှတ်ပေးအပ်တော်မူသည့် အမိန့်ပညတ်ချက်တိုကို) ယုံကြည်စိတ်ချရသော ထိန်းသိမ်းစောင့်ရှောက်ကြသူများပမာ သူတို့အပေါ် (ထိုအမိန့်တော်ဆိုင်ရာအမှန်တရားများ၏) သက်သေများ အဖြစ် (အရှင့်အမိန့်တော်နှင့်အညီသာ) လက်တွေ့ စီရင်ဆုံးဖြတ်ခဲ့ကြ၏။ သို့ဖြစ်ပေရာ သင်တို့သည် လူတို့အား မကြောက်ရွံ့ကြလေနှင့်။ ငါအရှင်မြတ် (နှင့်အရှင့်အမိန့်တော်များ) ကိုသာ ကြောက်ရွံ့ကြလော့။ ထို့ပြင် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို တန်ဖိုးမဖြစ်စလောက်ဖြင့် လဲလှယ်ရောင်းဝယ်ခြင်း မပြုကြလေနှင့်။ (နှလုံးသွင်းသင့်သည်မှာ) မည်သူမဆို အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (အမိန့်တော်) အတိုင်း စီရင်ဆုံးဖြတ်ခြင်းကို မပြုခဲ့မူ၊ ထိုသူတို့သည် မယုံကြည်သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများပင် ဖြစ်ကြ၏။