Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 45 — Surah Al-Maidah 5:45

ထို့ပြင် ငါအရှင်မြတ်သည် သူတို့အပေါ် ချမှတ်ပေးအပ်တော်မူသည့် ထိုကျမ်းထဲတွင် နဖ်စ် (ခေါ် မျိုးရိုး ဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့်) စိတ်ဝိဉာဉ်ရှင်၏အစား နဖ်စ်ဖြင့်၊ မျက်စိ၏အစား မျက်စိဖြင့်၊ နှာခေါင်း၏အစား နှာခေါင်းဖြင့်၊ နားရွက်အစား နားရွက်ဖြင့်၊ သွား၏အစား သွားဖြင့်၊ ဒဏ်ရာဒဏ်ချက်များအစား အလားတူ ဒဏ်ရာဒဏ်ချက်များဖြင့် (တူညီသောပေးဆပ်မှုကို စံထားလျက် လက်တုံ့ပြန်သည့်အနေဖြင့်) ဒဏ်ခတ်အရေးယူရန် ဥပဒေပြဋ္ဌာန်းတော်မူခဲ့၏။ သို့သော် မည်သူမဆို အဆိုပါဒဏ်ခတ်အရေးယူမှုနှင့်စပ်လျဉ်း၍ အလှူသဘောဖြင့်ကင်းလွှတ်ခွင့်ပေးလျှင် ယင်းသည် ထိုသူအတွက် ကျူးလွန်မှုကို ကျေအေးစေသည့်အစား တိုးပေးဆပ်မှုဖြစ်၏။ (သိထားသင့်သည်မှာ) မည်သူမဆို အလ္လာဟ်အရှင်မြတ်ချမှတ်ပေးအပ်တော်မူသည့် (အမိန့်တော်) အတိုင်း တရားစီရင်ဆုံးဖြတ်ခြင်းကို မပြုကြလျှင် ထိုသူတို့သည် အရှင့်စည်းမျဉ်းဥပဒေများကို ချိုးဖောက်၍ မမှန်မကန်ပြုလုပ်ကြသူများပင် ဖြစ်ကြ၏။