Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 46 — Surah Al-Maidah 5:46

ထို့ပြင် ငါအရှင်မြတ်သည် (တောင်ရတ်ကျမ်းတော်မှ) သူတို့လက်ဝယ်၌ကျန်ရှိနေသော အချက်အလက်များအား မှန်၊ မမှန်ဟူသည်ကိုအတည်ပြုဖြောင့်မှန်စေရန်အလို့ငှာ ယခင်နဗီတမန်တော်များ၏လမ်းစဉ်အတိုင်း ဖဝါးခြေထပ်ထက်ကြပ်မခွာ လိုက်နာကျင့်သုံးသော မရ်ယမ်၏သားအီစာကို စေလွှတ်တော်မူပြီး သူ့အား အီန်ဂျီးလ် ကျမ်း ချမှတ်ပေးအပ်တော်မူခဲ့၏။ ထိုကျမ်းတွင် သူတို့အတွက် လမ်းညွှန် (စိတ်နှလုံးနှင့်ဘဝတည်ဆောက်ဆိုင်ရာ) ဉာဏ်အလင်းနှင့်သူတို့လက်ဝယ်ရှိ တောင်ရာတ်ကျမ်းမှ အချက်အလက်များအား မှန်၊ မမှန်၊ ဟူသည်ကို အတည်ပြုဖြောင့်မှန်စေသည့်အပြင် မွတ္တကီ (ခေါ် အရှင့် စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သူ) တို့အတွက်လည်း လမ်းညွှန်နှင့်တရား ဓမ္မအဆုံးအမများ ပါဝင်၏။