Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 47 — Surah Al-Maidah 5:47
ထို့ပြင် အိန်ဂျီလ်ကျမ်းရပုဂ္ဂိုလ်တို့အနေဖြင့် ယင်းကျမ်းတော်၌ အလ္လာဟ်အရှင်မြတ်ချမှတ်ပေးအပ်တော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ကြရန် မိန့်တော်မူခဲ့။ စင်စစ်၊ မည်သူမဆို အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့် အမိန့်တော်အတိုင်း တရားစီရင်ဆုံးဖြတ်ခြင်း မပြုခဲ့သော်၊ ထိုသူတို့သည် အရှင့်အမိန့်တော်များကို အာခံဖီဆန်သော ယုတ်မာသူများ ဖြစ်ကြ၏။