Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 49 — Surah Al-Maidah 5:49

အကယ်၍ အသင်သည် (အရှင်မြတ်မိန့်တော်မူသည့်အတိုင်း) သူတို့အချင်းချင်းစပ်ကြား ရှိပြဿနာများကို ဖြေရှင်းရာ၌ အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့် (ကျမ်းတော်) နှင့်အညီ စီရင်ဆုံး ဖြတ်ခွင့်ရခဲ့လျှင် (သင်၏စီရင်ထုံးများတွင် သူတို့၏အတွေးအခေါ်နှင့် အယူအဆများလွှမ်းမိုးစေလျက်) သူတို့ ၏စိတ်အလိုဆန္ဒရမ္မက်နောက်ကို မလိုက်မိစေနှင့်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်က အသင့်ထံ ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့်အမိန့်တော်များအနက်မှ အချို့နှင့်စပ်လျဉ်း၍ သူတို့သည် အသင့်အား ချွတ်ချော်တိမ်းပါးမိစေ (ရန် ဖြားယောင်းသွေးဆောင်) မည်ကို အထူး သတိထားလော့။ မည်သို့ဆိုစေ အကယ်၍ သူတို့သည် (အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို နာခံလိုက်နာခြင်းမရှိဘဲ) သွေဖည်ကျောခိုင်းခဲ့ကြပါမူ၊ အလ္လာဟ်အရှင်မြတ်သည် သူတို့၏အချို့သောပြစ်မှုဒုစရိုက်များကြောင့်သာလျှင် သူတို့ကို အထိဒုက္ခရောက်စေတော်မူရန် ရည်ရွယ်တော်မူမည်ဖြစ်ကြောင်း အသင် ကောင်းစွာသိမှတ်ယူလော့။ အမှန်စင်စစ်၊ လူသားတို့အနက်များစွာသောလူတို့သည် အရှင့်စည်းမျဉ်းတော်များကို အာခံဖီဆန်လိုသော ဆန္ဒရှိကြသည့် သူယုတ်မာများ ဖြစ်ကြ၏။