Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 52 — Surah Al-Maidah 5:52
သို့ဖြစ်၍ အသင် (တမန်တော်) သည် (နာမ်ရေးရာ အရင်းအမြစ်များနှင့်နားလည်မှုစွမ်းရည် ခန့်ခြောက်၍ အကျင့်စာရိတ္တဖျက်ဆီးလျက်) သူတို့၏နှလုံးသားများ (နှင့် အတွေးအခေါ်များ) ၌ ရောဂါရှိနေကြသော သူတို့ကို အပြိုင်အဆိုင်အလောတကြီးဖြင့် “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အပေါ် ကံဆိုးမိုးမှောင်ကျမှု တစ်စုံတစ်ခုကျရောက် မည်ကို စိုးရိမ်နေရ၏။” ဟု ပြောဆိုနေကြကြောင်း တွေ့မြင်ရသော်လည်း အလ္လာဟ်အရှင်မြတ်သည် အောင်မြင်မှုဖြင့် (အခြေအနေကို) ပြောင်းလဲပေးတော်မူရန် သို့မဟုတ် ထိုအရှင်မြတ်၏ထံတော်မှ အမိန့်စီမံချက်တစ်ခုခုဖြင့် (သီလကြောင်တို့နှင့်မမှန်မကန်လုပ်သူတို့ကို) အရေးယူတော်မူနိုင်၏။ ထိုစဉ် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိဉာဉ်) များ၌ ထိန်ချန်ဖုံးကွယ်ထားခဲ့သမျှအပေါ် နောင်တရလျက် စိတ်ထိခိုက်သူများအဖြစ် ထင်ရှားလာလိမ့်မည်။