Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 54 — Surah Al-Maidah 5:54
အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့အနက် မည်သူမဆို သူ၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) မှ လှည့်ပြန်၍ ဒုံရင်းအခြေအနေသို့ ပြန်ဆိုက် ရောက်လျှင် (သူသိသင့်သည်မှာ) မကြာမီကာလအတွင်း၌ အလ္လာဟ်အရှင်မြတ်သည် မည်သည့် ပြစ်တင်ဝေဖန်မှု ကိုမျှ စိုးရိမ်ကြောင့်ကြခြင်းမရှိဘဲ အလ္လာဟ်အရှင်မြတ်လမ်းစဉ်တော်၌ ရုန်း ကန်ကြိုးပမ်းလျက် မယုံကြည်သူ (နှင့် အမှန်တရားကို ငြင်းဆန်ဖုံးကွယ်သူ) တို့အပေါ် (ဇွဲ၊ လုံ့လ၊ စိတ်ဓါတ်တို့ဖြင့်) ထည်ဝါမှုကိုပြ၍ ယုံကြည်သူတို့ အပေါ် နှိမ့်ချရိုကျိုးမှုဖြင့် ဆက်ဆံသော၊ သူတို့က အရှင်မြတ်ကို ချစ်မြတ်နိုးကြ၍ အရှင်မြတ်ကလည်း (သူတို့အပေါ် အရှင့်မေတ္တာ ကရုဏာဖြင့်) ချစ်နှစ်သက်တော်မူသည့် လူမျိုးတစ်မျိုးအဖြစ် ပျိုးထောင်ပေါ်ထွက်စေတော်မူလိမ့်မည်။ ထိုသို့ဖြစ်စေတော်မူခြင်းမှာ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ချီးမြှင့်ပေးအပ်တော်မူသည့် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ဖြင့် ဂုဏ်ပေးခြင်းပင် ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့အား အရှင့်ပျိုးထောင်မှုစနစ်ဆိုင်ရာ နိယာမတရားတို့ဖြင့်) ကျယ်ကျယ်ဝန်းဝန်း ပွေ့ဖက်လွှမ်းခြုံစေတော်မူသောအရှင် (အရာခပ်သိမ်းတို့ ၏ဖွံ့ဖြိုးမှုဆိုင်ရာ စီမံချက်အလုံးစုံကို) အကြွင်းမဲ့ သိနေတော်မူသော အရှင်ဖြစ်တော်မူ၏။