Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 57 — Surah Al-Maidah 5:57

အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့မတိုင်မီ ကျမ်းချမှတ်ပေးအပ်ခြင်းခံခဲ့ရသော ပုဂ္ဂိုလ်များ၊ မယုံကြည်သူ (နှင့်အမှန်တရားတို့ ဖီဆန်ငြင်းပယ်သူ) တို့အနက်မှ သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဥ်) အား လှောင်ပြောင်သရော်စရာနှင့်ဟာသကစားစရာ အဖြစ် သဘောထားမှတ်ယူကြသူတို့ကို (သင်တို့၏လူယုံ၊ ထိန်းသိမ်းစောင့်ရှောက်သူနှင့်) မဟာမိတ်များအဖြစ် မသတ်မှတ် မမှတ်ယူကြလေနှင့်။ အကယ်၍ သင်တို့သည် စစ်မှန်သော ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် နာခံလိုက်နာ) ကြလော့။