Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 60 — Surah Al-Maidah 5:60

“ထိုသို့ (မနာလိုဖြစ်ခြင်း၏) အကျိုးဆက်အဖြစ် အဆိုးဆုံးပေးဆပ်မှု (နှင့်ကြုံတွေ့ခဲ့ရသူများလည်း) အလ္လာဟ်အရှင်မြတ်ထံတော်၌ (မှတ်တမ်း) ရှိနေကြောင်းနှင့်စပ်လျဉ်း၍ သင်တို့အား ကျွန်ုပ်က အသိပေး ထုတ်ပြန်ရမည်လော။” ဟု မေးမြန်းလော့။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏မေတ္တာကရုဏာတော်မှ ကင်းဝေးစေတော်မူခြင်းခံရလျက် သူတို့အပေါ် အရှင်မြတ်၏ပြစ်တင်ရှုံ့ချမှုဆိုင်ရာ အမျက်တော်ထိမှန်၍ သူတို့ထဲတွင် မျောက်နှင့်ဝက်တိရိစ္ဆာန်တို့၏စရိုက်များ ဖြစ်ပေါ်ဖွံ့ဖြိုးစေတော်မူပြီး သူတို့သည် မကောင်းဆိုးဝါးတို့ကို (အမှန် တရားသစ္စာဟု ယူဆလျက်) ရှိခိုးကန်တော့ ကိုးကွယ်ခဲ့ကြသည်။ ထိုသူတို့သည် အဆိုးဆုံးအနေအထား ရှိနေကြပြီး တရားမျှတမှု မျှခြေရှိသောလမ်းစဉ်ဟူသမျှမှ အလှမ်းဝေးကွာသော လမ်းမှားသို့ ရောက်ခဲ့ကြပြီ။