Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 61 — Surah Al-Maidah 5:61
သူတို့သည် (အသင်တမန်တော်ထံသို့) လျှောက်လာကြစဉ် “ကျွန်ုပ်တို့ သက်ဝင်ယုံကြည်ကြပါ၏။” ဟု ကြွေးကြော်လျက် လာကြသော်လည်း (အသင်တမန်တော်၏သွန်သင်မှုကို ကြားနာရန်) ဝင်ရောက်သည့်အခါတွင်မူ (သူတို့၏စိတ်နှလုံးထဲ၌ မူလရှိရင်းစွဲ) မယုံကြည်မှု (အမှန်တရားကို ဖီဆန်ငြင်းပယ်မှု) ကိုသာ စွဲကိုင်လာကြပြီး (တမန်တော်မြတ်၏သွန်သင်မှုကို ဖြူစင်စွာ နာယူခဲ့ခြင်းမရှိသည့်အတွက်) ထိုမယုံကြည်မှုဖြင့်သာ ပြန်လည်ထွက်ခွာသွားလေကြသည်။ (သိထားသင့်သည်မှာ) အလ္လာဟ်အရှင်မြတ်သည် သူတို့၏စိတ်နှလုံးထဲ၌ ထိန်ချန်ဖုံးကွယ်ထားသမျှနှင့်ပတ်သက်၍ အသေးစိတ်ကို အသိဆုံးပင် ဖြစ်တော်မူ၏။