Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 62 — Surah Al-Maidah 5:62

သူတို့အနက်မှ အများစုသည် (အမှန်တရားကို ဖီဆန်ငြင်းပယ်မှု၊ မတရားမှု၊ အနိုင်ကျင့်မှု၊ အလွဲသုံးစားပြုမှု၊ နှင့်ခေါင်းပုံဖြတ်မှုစသော) ပြစ်မှုဒုစရိုက်များနှင့်ရန်လိုမုန်းတီးမှုများကို ကျူးလွန်ရာ၌လည်းကောင်း (မတရားသဖြင့် ရှာမှီး၍ ရထားသော အရှင်မြတ်တားမြစ်ထားသည့်အရာများကို စားသုံးရာ၌ လည်းကောင်း) သူ့ထက်ငါသာအောင် အပြိုင်အဆိုင် အလောတကြီးလုပ်ဆောင်နေကြောင်း အသင် (တမန်တော်) တွေ့မြင်ရမည်။ ထိုသို့သောလုပ်ရပ်မျိုးကို ပြုမူလုပ်ဆောင်ခြင်းသည် အမှန်ပင် ယုတ်ညံ့ သိမ်ဖျင်းလှပေ၏။