Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 63 — Surah Al-Maidah 5:63

(ထိုသို့ ယုတ်ညံ့သိမ်ဖျင်းသော လုပ်ရပ်များလုပ်ဆောင်နေသည်ကို သိပါလျက်) သူတို့၏ရဗ္ဗီခေါ် ဘာသာရေး ဓမ္မကထိကများနှင့်ပညာရှင်တို့သည် ထိုမကောင်းမှုဒုစရိုက်များ ရန်လိုမုန်းတီးမှုများနှင့်မတော်မတ ရားစားသုံးမှုတို့နှင့်ပတ်သက်၍ သူတို့၏ဟောပြောမှုများတွင် (ထည့်သွင်းဖော်ပြလျက်) အဘယ်ကြောင့် မတားမြစ်ကြသနည်း။ (တားမြစ်ရန် တာဝန်ရှိကြောင်းသိပါလျက် မသိဟန်ဆောင်၍ ပရိသတ်ကြိုက်မည့် ဆွေးနွေးမှုမျိုးကိုသာ ဟောပြော၍) လိမ်ဆင်မှုကို စီစဉ်ဖန်တီးခြင်းသည် အလွန်ပင် ယုတ်ညံ့သိမ်ဖျင်းလှပေ၏။