Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 66 — Surah Al-Maidah 5:66

ထိုမျှမက အကယ်၍ သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ သူတို့အပေါ် ချမှတ်ပေးအပ်ခြင်းခံရသောအရာ၊ တောင်ရတ်ကျမ်းနှင့်အီန်ဂျီးလ်ကျမ်းတို့နှင့်အညီ ဘဝဆောက်တည်၍ မြဲမြံစွာ ရပ်တည်ကြလျှင် သူတို့၏အထက်မှနှင့်သူတို့၏ခြေများအောက်မှ (မြေပေါ်မြေအောက်သယံဇာတများနှင့်စားသောက်ဖွယ်ရာများကို သမာအာဇီဝနည်းဖြင့် ရှာဖွေ၍) မုချပင်၊ စားသုံးကြလိမ့်မည်။ သူတို့ထဲတွင် အစွန်းမရောက်ဘဲ အလယ်အလတ်လမ်းစဉ်ကို လိုက်နာကြသော လူ့အသိုင်းအဝိုင်းတစ်ခုရှိနေသော်လည်း သူတို့ထဲမှ အများစုမှာမူ မကောင်းမှုကိုသာ ပြုမူကျင့်ကြံကြ၏။