Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 67 — Surah Al-Maidah 5:67

အို၊ (အရှင့်သတင်းစကားတော်ကို လူသားထံသို့ အရောက်ပို့ဆောင်ရန် တာဝန်ပေးခံရသော) ရစူလ်တမန်တော်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အသင့်ထံ ချမှတ်ပေးအပ်ခြင်းခံရသမျှ (အရှင့်အမိန့်ပညတ်ချက်အားလုံး) ကို (လူသားထံ) အသိပေး ပို့ဆောင်ပေးလော့။ အကယ်၍ ထိုအရှင့်သတင်းစကားတော်ကို (လူသားထံသို့အရောက်) မပို့ဆောင်လျင် တာဝန်ပေးသည့်အတိုင်း ကျေပွန်စွာ ပို့ဆောင်ပေးရာ မရောက်ပေ (မမည်ပေ)။ ထို့ပြင် (တာဝန်ကျေပွန်လျှင်) အလ္လာဟ်အရှင်မြတ်သည် အသင့်ကို လူသားတို့ထံမှ (ဖြစ်သော ဘေးရန်အလုံးစုံကို ထိန်းချုပ်တော်မူလျက်) ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သော (အမှန်တရားကို ငြင်းဆန်ဖုံးကွယ်သော) လူမျိုးတို့အား လမ်းညွှန်တော်မူလိမ့်မည် မဟုတ်ပေ။