Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 69 — Surah Al-Maidah 5:69

ယုံကြည်သူများ၊ ဂျူးအဖြစ်ကြွေးကြော်သူများ၊ ခရစ်ယာန်များနှင့် (တမန်တော်ခေတ်မတိုင်မီ အခြား ယုံကြည်မှုအယူဝါဒများကို ယုံကြည်ခဲ့ကြသော) ဆွာဗအီများ စသည့် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကို စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သည့် ကောင်းမှုကုသိုလ်များကို လုပ်ဆောင်၍ ဘဝဆောက်တည်ကြလျှင် သူတို့အတွက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ အကျိုးဆုလဒ်များ ရှိ၏။ သူတို့သည် စိုးရိမ်ကြောင့်ကြရမည် မဟုတ်သည်မှာ အသေအချာပင် ဖြစ်၏။ ထို့ပြင် ပူဆွေးသောက ရောက်ကြရမည်လည်း မဟုတ်ချေ။