Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 7 — Surah Al-Maidah 5:7

သင်တို့က “(အရှင်မြတ်မိန့်တော်မူသမျှကို) ကျွန်ုပ်ကြားနာပါ၏။ ကျွန်ုပ်တို့ နာခံလိုက်ပါ၏။” ဟု ပြောခဲ့ကြစဉ် သင်တို့၏အဆိုပါ ပဋိညာဉ်ကတိဝန်ခံချက်ကို အတည်ပြုပြီး အရှင့်ကတိတော်နှင့်အညီ သင်တို့အပေါ် အခွင့်အရေးပေးတော်မူလျက် အလ္လာဟ်အရှင်မြတ်က ဂုဏ်ပေးတော်မူခြင်းကို သတိရ တသ၍ ဖွင့်ဟကြလော့။ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူသား၏) ရင်တွင်း (၌ တည့်သွင်းလျက်) ပိုင်ဆိုင်ထားသမျှကို ကုန်စင်အောင် အကြွင်းမဲ့ သိနေတော်မူ၏။