Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 70 — Surah Al-Maidah 5:70
ဧကန်မုချ၊ ငါအရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်တို့ထံမှ ပဋိညာဉ်ကတိဝန်ခံချက်ကို ရယူခဲ့တော်မူပြီး သူတို့ထံ ရစူလ်တမန်တော်များကို (တစ်ပါးပြီးတစ်ပါး) စေလွှတ်တော်မူခဲ့၏။ ရစူလ်တမန်တော်တစ်ပါး သူတို့ထံ ရောက်ခဲ့သည့်အခါတိုင်း သူတို့၏နဖ်စ်(ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိဉာဉ်) ကို အရှင့်စည်းမျဉ်းတော်နှင့်အညီ မဟုတ်ဘဲ သူတို့၏စိတ်အလိုဆန္ဒရမ္မက်နှင့်အညီသာ ဆုံးဖြတ်စေသောကြောင့် (သူတို့အနက်မှ) အုပ်စုတစ်ခုက (တမန်တော်များကို မဟုတ်မတရားစွပ်စွဲ၍) ငြင်းပယ်ခဲ့ကြပြီး နောက်အုပ်စုတစ်ခုက (တမန်တော်များကို မတော်မတရား) သတ်ဖြတ်ခဲ့ကြသည်။