Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 71 — Surah Al-Maidah 5:71

ထိုမျှမက သူတို့သည် (သူတို့လုပ်ခဲ့သမျှ ပြစ်မှုဒုစရိုက်များ၏အကျိုးဆက်အဖြစ် အရေးယူတော်မူရန်) အရှင့်ထံတော်မှ စမ်းသပ်မှုရှိခဲ့လိမ့်မည်မဟုတ်ဟု တွက်ချက်မှတ်ယူခဲ့ကြသည့်အတွက် (အမှန်တရားနှင့် အရှင်မြတ်၏သွန်သင်မှုများကို နားလည်နိုင်စွမ်းမရှိကြဘဲ) မျက်ကန်းများနှင့်နားပင်းသူများပမာ ဖြစ်လာခဲ့ကြသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် (သူတို့ ပြုပြင်နိုင်ရန် အခွင့်အရေးပေးသည့်အနေ ဖြင့် သူတို့အား လမ်းညွှန်မည့် ပုဂ္ဂိုလ်များ ဖြစ်ပေါ်စေတော်မူလျက် အရှင့်မေတ္တာကရုဏာတော်ဖြင့်) သူတို့ဘက်သို့ လှည့်တော်မူခဲ့၏။ သို့သော်လည်း သူတို့ထဲမှ အများစုမှာ မျက်ကန်းများနှင့်နားပင်းသူများအဖြစ်သာ ဆက်လက်ရှိနေခဲ့ကြ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံဆောင်ရွက်သမျှကို အကြွင်းမဲ့ မြင်နေတော်မူသောအရှင် ဖြစ်တော်မူ၏။