Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 72 — Surah Al-Maidah 5:72
“မရ်ယမ်၏သား မစီးဟ် (ခေါ် လူတို့အား ပြစ်မှုဒုစရိုက်ကင်းစေလျက် ငရဲမီးမှကယ်တင်ရန်စေလွှတ်ခြင်းခံ ရသူ) သည် မုချဧကန်၊ အလ္လာဟ်အရှင်မြတ် (နှင့်တစ်ပြေးညီ) ပင် ဖြစ်သည်။” ဟုပြောဆိုကြသူတို့သည် မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) စစ်စစ်များ ဖြစ်ကြသည်မှာ သေချာ၏။ မစီးဟ်က “အို၊ အစ္စရေး မျိုးနွယ်တို့၊ ကျွန်ုပ်နှင့်သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အလ္လာဟ်အရှင်မြတ်ကိုသာလျှင် နာခံကိုးကွယ်ကြလော့။ မုချဧကန်၊ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ အခြားသော (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်ရာတို့အား တွဲဖက်တုပြိုင်၍ ကိုးကွယ်လျှင် အလ္လာဟ်အရှင်မြတ်သည် သူ့အတွက် သုခဘုံကို (တရားမဝင်အဖြစ်) တားမြစ်တော်မူပြီး သူ၏ခိုလှုံရာဌာနမှာ ငရဲမီးသာ ဖြစ်မည်။ (နှလုံးသွင်းသင့်သည်မှာ) အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ချိုးဖောက်၍ မမှန်မကန်သော လုပ်ရပ်များအတွက် (သူ့ကိုငရဲမီးမှ ကယ်တင်နိုင်ရန်) မည်သည့်ကူညီသူမျှ ရှိလိမ့်မည် မဟုတ်ပေ။”