Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 73 — Surah Al-Maidah 5:73

(အမှန်တရားကို ဖီဆန်ငြင်းပယ်သူများနှင့်) မယုံကြည်များသည် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်အား သုံးပါးတစ်ဆူ (ဝါဒဖြစ်သော ဖခမည်းတော်၊ သားတော်နှင့်ဝိညာဉ်တော်တို့ပေါင်းစည်းမှု) ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုခဲ့ကြ၏။ ယင်းသည် ထင်ရှားသော အယူမှားမှုသာ ဖြစ်၏။) အမှန်မှာ၊ အရှင်မြတ်သည် တစ်ပါးတည်းသာ ဖြစ်တော်မူပြီး အရှင့်တွဲဖက်ပြိုင်ဘက်ဟူ၍ အလျဉ်း မရှိဘဲ အနှိုင်းမဲ့တစ်ဆူတည်းသာ ဖြစ်တော်မူ၏။ အကယ်၍ သူတို့သည် (အရှင့်ကို စော်ကားရာရောက်သည့် ထိုယုတ္တိမဲ့) အပြောအဆိုများကို ပြောဆိုနေခြင်းအား မရပ်တန့်ကြလျှင် သူတို့အနက်မှ ထိုသို့သော မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့ကို မုချပင် အရေးယူတော်မူပြီး ပြင်းပြနာကျင်ဖွယ်ရာ ပြစ်ဒဏ်များဖြင့် တွေ့ကြုံခံ စားစေတော်မူမည်။