Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 75 — Surah Al-Maidah 5:75
မရ်ယမ်၏သား မစီးဟ်သည် ရစူလ်တမန်တော်တစ်ပါးမျှသာ ဖြစ်၏။ သူ့အလျှင်လည်း ရစူလ်တမန် တော်များ (စေလွှတ်ခြင်းခံရပြီး) ကွယ်လွန်သွားခဲ့ကြပြီး သူ့မိခင်မှာ ဖြောင့်မတ်မှန်ကန်သော သမာဓိရှင်တစ်ဦး ဖြစ်ခဲ့သည်။ သူတို့နှစ်ဦးစလုံးမှာ (လူ့သဘောသဘာဝအရ) အစားအသောက်များကို စားသောက်ခဲ့ကြသည်။ (သို့ဖြစ်၍ သူတို့တွင် အရှင်မြတ်က ချီးမြှင့်တော်မူသော လူ့သဘာဝသာရှိပြီး ယေရှုခရစ်သည် ကိုးကွယ်ထိုက်သူ မဖြစ်နိုင်ပေ။ ဤသည် ယေရှုခရစ်အား ဘုရားသားတော်ဟု ကြွေးကြော်နေသော ခရစ်ယာန်ဖြစ်) သူတို့အတွက် အရှင့်သက်သေလက္ခဏာတော်များ ဖြစ်သည်။ ကွက်ကွက်ကွင်းကွင်း မြင်သာထင် ရှားအောင် ငါအရှင်မြတ်က မည်သို့ ရှင်းလင်းတင်ပြနေကြောင်း ဖြစ်သောကြောင့် (ထိုအချက်များကို) တွေးတောဆင်ခြင်လေ့လာ သုံးသပ်ကြလော့။ (ယေရှုခရစ်ကို သားတော်ဟု ကြွေးကြော်နေကြ) သူတို့သည် (အမှန်တရားကို) မည်သို့ ထင်ယောင်ထင်မှားဖြစ်အောင် လှည့်စားနေကြသည်ကို ထပ်မံ၍ တွေးတောဆင်ခြင် လေ့လာသုံးသပ်ကြလော့။