Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 78 — Surah Al-Maidah 5:78

အစ္စရေးမျိုးနွယ်တို့အနက်မှ (တမန်တော်) ဒါဝူဒ်နှင့် မရ်ယမ်၏သား အီစာတို့၏နှုတ်မှ (“အရှင့် မေတ္တာ ကရုဏတော်မှ ကင်းဝေးပါစေ။” ဟု) ကျိန်ဆံရလောက်အောင် ယုတ်မာသော မယုံကြည်သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများလည်း ရှိခဲ့သည်။ ထိုသို့ ဖြစ်ရခြင်းမှာ သူတို့သည် အရှင့်စည်းမျဉ်းတော်များကို နာခံခြင်းမရှိဘဲ အလွန်ပင် အာခံဖီဆန်လျက် ကျူးလွန်ခဲ့ကြသောကြောင့် ဖြစ်၏။