Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 8 — Surah Al-Maidah 5:8
အို၊ ယုံကြည်သူအပေါင်းတို့၊ (အမှန်တရားအတွက် စံပြသက်သေခံများ ဖြစ်နိုင်ရန်အလို့ငှာ) တရားမျှတမှုမဏ္ဍိုင်နှင့်အတူ တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်သော စံပြပုဂ္ဂိုလ်များအဖြစ် မြဲမြံစွာ ရပ်တည်ကြလော့။ ထို့ပြင် သင်တို့အား တရားမျှတစွာဖြင့် ပြုမူပြောဆိုဆက်ဆံခြင်း ကင်းမဲ့နေကြသည်ကို အကြောင်းပြု၍ အာဃာတဖြင့် လူမျိုးရေးမုန်းတီးမှုဖန်တီးလျက် အရှင့်စည်းမျဉ်းတော်များအား ချိုးဖောက်ကျူးလွန်ရန် မတိုက်တွန်း မလှုံ့ဆော်ကြလေနှင့်။ (မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ သင်တို့သည်) အရှင့်စည်းမျဉ်းတော်များကို အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင့်နှင့်အနီးစပ်ဆုံးဖြစ်ရန်အလို့ငှာ (မည်သည့်လူမျိုးအားဖြစ်စေ၊ မည်သည့် ကိစ္စရပ်၌ပင်ဖြစ်စေ) တရားမျှတမှု မဏ္ဍိုင်ကိုသာ အကောင်အထည်ဖော်ကြလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (သင်တို့ ပြုမူကျင်ကြံဆောင်ရွက်သမျှနှင့်ပတ်သက်၍ သတင်းအချက်အလက် အသေးစိတ်ကို) အကြွင်းမဲ့ သတင်းရတော်မူသောအရှင် ဖြစ်တော်မူ၏။