Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 80 — Surah Al-Maidah 5:80

သူတို့အနက်မှ များစွာသောသူတို့သည် (အမှန်တရားကို) မယုံကြည်ဖီဆန်ငြင်းပယ်ကြခြင်းမှာ အလွန်ပင် ယုတ်ညံ့သိမ်ဖျင်းသော လုပ်ရပ်ဖြစ်ပြီး သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိဉာဉ်) ကို သူတို့၏စိတ်အလိုဆန္ဒအတိုင်း လိုက်နာခြင်းဖြင့် သူတို့အတွက် ကြိုတင်ပို့ထားသော အလ္လာဟ်အရှင်မြတ်၏ပြစ်တင်ရှုတ်ချမှုနှင့် (တမလွန် ဘဝ၌) သူတို့အပေါ် ပြစ်ဒဏ်ပေးခံရလျက် (ငရဲဘုံတွင်) ကာလအကန့်အသတ်မဲ့ နေထိုင်ကြမည့်သူများပင် ဖြစ်၏။