Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 82 — Surah Al-Maidah 5:82

ယုံကြည်သူတို့အပေါ် အပြင်းထန်ဆုံး (နှင့်အကြမ်းအဖက်ဆုံး) ရန်လိုသော လူသားများမှာ ဂျူးများ အရှင် မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသော အရာများကို ယုံကြည်ကိုးကွယ်မှု၌ နစ်မြုပ်နေသူများဖြစ်ကြောင်း အသင်တမန်တော် မုချ တွေ့မြင်ရလိမ့်မည်။ ထို့ပြင် ယုံကြည်သူတို့အပေါ် သူတို့၏အရင်းနှီးဆုံးမိတ်ဆွေအဖြစ် သဘောထား၍ မေတ္တာထားမည့် ပုဂ္ဂိုလ်များမှာ “ကျွန်ုပ်တို့သည် ခရစ်ယာန်စစ်စစ်များဖြစ်ကြသည်။” ဟု ကြွေးကြော်သူများ ဖြစ်ကြောင်း အသင် မုချ တွေ့မြင်ရလိမ့်မည်။ ထိုသို့ဖြစ်ရခြင်း၏အကြောင်းရင်းမှာ သူတို့ထဲတွင်ရှိသော (ကောင်းမှုကုသိုလ်၌ ဘဝနစ်မြုပ်ထားသည့်) ရသေ့များနှင့် (ပြစ်ဒဏ်ကို ကြောက်၍ စိတ်အလိုရမ္မက်အား ချိုးနှိမ်သော) ဘုန်း တော်ကြီးများသည် အမှန်ပင် မာန်မာနထောင်လွှားခြင်းမရှိကြသောကြောင့် ဖြစ်၏။