Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 83 — Surah Al-Maidah 5:83

ထို့ပြင် သူတို့သည် ရစူလ်တမန်တော်ထံ ချမှတ်ပေးအပ်ခြင်းခံရသောအရာ (ကျမ်းမြတ်၏အာယာသ်သက် သေလက္ခဏာတော်များ) ကို ကြားနာကြသည့်အခါ (သူတို့ကြားနားခဲ့သမျှသည်) အမှန်တရားသစ္စာ (ဖြစ်သော ကျမ်းတော်အား ချမှတ်ပေးအပ်တော်မူသော အရှင်မြတ်၏ထံတော်) မှ ဖြစ်သည်ဟု သိနားလည်သည့်အတွက် သူတို့၏မျက်စိများသည် မျက်ရည်များဖြင့် ပြည့်လျှံနေကြောင်း အသင် (တမန်တော်) တွေ့မြင်ရလိမ့်မည်။ (ထိုမျှမက) သူတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ကျွန်ုပ်တို့သည် (တမန်တော်နှင့်ကျမ်းတော်မြတ်ကုရ်အာန်) ကို ယုံကြည်ကြပါ၏။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အား (အမှန်တရားအတွက်) သက်သေတည်ကြသူများ (ဖြစ်သည့် တမန်တော်၏အသိုင်းအဝိုင်းထဲတွင် အပါအဝင် ဖြစ်စေတော်မူလျက် သူတို့) နှင့်အတူ မှတ်တမ်းတင်တော်မူပါ။” (ဟု အရှင်မြတ်ထံ) လျှောက်တင်ကြ၏။