Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 85 — Surah Al-Maidah 5:85

သို့ဖြစ်ရာ (သူတို့က ထိုသို့ ဆုတောင်း၍ လျှောက်တင်) ပြောဆိုခဲ့ကြသောကြောင့် အလ္လာဟ်အရှင်မြတ်က သူတို့၏အကျိုးဆုလဒ်အဖြစ် အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များ၌ ကာလအကန့်အသတ်မဲ့ နေခွင့်ပြုတော်မူလိမ့်မည်။ ယင်းသည် ထိုသို့သော မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူသမျှကို “အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း” သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အရာရာကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သူ) ၏အကျိုးဆုလဒ်ပင် ဖြစ်၏။