Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 89 — Surah Al-Maidah 5:89

အလ္လာဟ်အရှင်မြတ်သည် သင်တို့၏သစ္စာဆိုမှုများတွင် (နှုတ်ကျွံမိ၍ အမှတ်တမဲ့ပြောမိသော) အရေးမပါသည့်တာဝန်ယူမှုတို့နှင့်စပ်လျဉ်း၍ သင်တို့အား အရေးယူတော်မူမည် မဟုတ်ပေ။ သို့ရာတွင် သင်တို့က ရည်ရွယ်ချက်ရှိရှိ အခိုင်အမာဆုံးဖြတ်၍ လုပ်ဆောင်သည့် သစ္စာဆိုမှုများနှင့်စပ်လျဉ်း၍ကား (သစ္စာဆိုသည့် အတိုင်းတာ ဝန် မကျေပွန်လျှင်) သင်တို့ကို အရေးယူတော်မူလိမ့်မည်။ သို့ဖြစ်ပေရာ (အခက်အခဲတစ်ခုခုကြောင့် တာဝန် တစ်စုံတစ်ခုကို မကျေပွန်နိုင်ခဲ့လျှင် ထိုအမှား၏) ပေးဆပ်မှုအပြစ် သင်တို့၏မိသားစုများကို ပုံမှန်ကျွေးနေကျဖြစ် သည့် အစားအသောက်မျိုးဖြင့် ချို့တဲ့ဆင်းရဲသူ ဆယ်ဦးကို ကျွေးမွေးကြလော့။ သို့တည်းမဟုတ် သူတို့ကို အဝတ်အစားများ ဝတ်ဆင်ပေးကြလော့။ သို့တည်းမဟုတ် ဘဝချုပ်နှောင်ထားခံရသူ (ကျွန်) တစ်ဦးကို ကျွန်ဘဝမှ လွတ်မြောက်စေလော့။ အကယ်၍ မတတ်စွမ်း၍ ထိုသို့လုပ်ဆောင်ပေးနိုင်မည့် နည်းလမ်းရှာမတွေ့ပါက သုံးရက် (ဆက်တိုက်) ဆွိယာမ်ဥပုသ်သီလဆောက်တည်ကြလော့။ ဤသည် သင်တို့က သစ္စာဆိုခဲ့စဉ် ပေးခဲ့သော ကတိကဝတ်ကို မကျေပွန်နိုင်ခဲ့ခြင်းအတွက် ပေးဆပ်မှုပင် ဖြစ်၏။ မည်သို့ဆိုစေ၊ သင်တို့၏သစ္စာဆိုမှုများကို (အတတ်နိုင်ဆုံးကျေပွန်ရန် အစွမ်းကုန်) ထိန်းသိမ်းစောင့်ထိန်းကြလော့။ ထိုသို့ပင် သင်တို့ကျေးဇူးသိတတ်ကြရန် အလို့ငှာ အလ္လာဟ်အရှင်မြတ်သည် အရှင့်အာယသ်သက်သေလက္ခဏာတော်များကို သင်တို့အတွက် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားအောင် ရှင်းလင်းထုတ်ဖော်စေတော်မူ၏။