Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 91 — Surah Al-Maidah 5:91

စေတန်မကောင်းဆိုးဝါးသည် အရက်သေစာနှင့်လောင်းကစားခြင်းတို့၌ သင်တို့ အချင်းချင်းကြားတွင် ရန်လိုမှုနှင့်မုန်းတီးမှုတို့ကိုသာလျှင် ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး သင်တို့အား အလ္လာဟ်အရှင်မြတ်ကို သတိရ တသ၍ ဖွင့်ဟခြင်းနှင့်ဆွလာသ်ဝတ်ပြုဆောက်တည်ခြင်းတို့မှ ပိတ်ပင်တားဆီးရန်သာ ကြံစည် လိုလားကြ၏။ သို့ဖြစ်ပေရာ အသင်တို့သည် (လူ့ဘောင်အသိုင်းအဝိုင်းကို ဖျက်ဆီးစေမည့် ထိုမကောင်းသည့်လုပ်ရပ်များကို) ရှောင်ကြဉ်ကြလိမ့်မည် မဟုတ်လော။