Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 92 — Surah Al-Maidah 5:92

ထို့ပြင် ကျမ်းမြတ်ကုရ်အာန်နှင့်ဘဝဆောက်တည်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်အား နာခံကြပြီး အရှင့်အမိန့်ပညတ်ချက်များကို စံနမူနာအဖြစ် လက်တွေ့လုပ်ဆောင်ပြခဲ့သော (တမန်တော်မြတ်၏) လမ်းစဉ်အတိုင်း လိုက်နာခြင်းဖြင့် ရစူလ်တမန်တော်ကိုလည်း နာခံကြလော့။ အရှင့်စည်းမျဉ်းတော်များအား သွေဖည်ချိုးဖောက်ခြင်း မဖြစ်ရလေအောင် အစဉ် အရှင့်ကို သိစိတ်မပြတ်ထားလျက် သတိအနေအထားဖြင့် နိုးနိုးကြားကြား ရှိကြလော့။ အကယ်၍ အရှင်မြတ်နှင့်တမန်တော်ကို နာခံခြင်းမှ ကျောခိုင်း၍ လှည့်ပြန်ကြပါမူ သင်တို့ သိထားရမည် မှာ ငါအရှင်မြတ်၏ရစူလ်တမန်တော်အပေါ်၌ (အရှင့်အမိန့်တော်အပြည့်အစုံအား လူသားထံသို့) ထင်ရှားပြတ်သားစွာဖြင့် ပို့ဆောင်ပေးရန်သာ တာဝန်ရှိ၏။