Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 93 — Surah Al-Maidah 5:93
ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်ကောင်းမြတ်သောပြုမူကျင့်ကြံများဖြင့် သီလဆောက်တည်ကြသူတို့ အပေါ်၌ သူတို့က အစ္စလာမ်မတိုင်မီကာလတွင် ပြုမူသုံးဆောင်ခဲ့ခြင်းအတွက် အပြစ်မထိုက်ပေ။ သူတို့သည် ယခုအခါ အစ္စလာမ်လက်ခံပြီး အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲ မြံစွာဖြင့် လိုက်နာကျင့်သုံးရမည့် အချိန်ရောက်လာသည့်အခါ ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်ကောင်းမြတ်သောပြုမူကျင့်ကြံများဖြင့် သီလဆောက်တည်ကြရမည်။ ထို့နောက် ယုံကြည်မှု၊ အတွေးအခေါ်နှင့်မူဝါဒဆိုင်ရာ ကိစ္စရပ်များတွင်လည်း ထပ်မံ၍ အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (လျက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ပြီး အပြည့်အဝ ယုံကြည်ရမည်။ ထို့ပြင် (အစားအသောက် လူနေမှုဘဝပုံစံနှင့်လူမှုဆက်ဆံရေးနယ်ပယ်တို့တွင်လည်း) အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) လျက် အကောင်းဆုံးဖြစ်အောင် ပြုမူကျင့်ကြံလုပ်ဆောင် ကြရ မည်။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူသမျှကို “အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း” သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အရာရာအား အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သူ) တို့ ကို နှစ်သက်တော်မူ၏။